ဒေးဒရဲမြို့၌ ပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ ရောင်းချ

ဒေးဒရဲ ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြက်ဥ၊ ဘဲဥများကို ယနေ့နံနက် (၈)နာရီက ပြည်တော်သာလမ်းရှိ အမှတ် (၁) အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက ပြည်သူများအား ကြက်ဥ၊ ဘဲဥ တစ်လုံးလျှင် (၂၀၀)ကျပ်ဖြင့် လူတစ်ဦးလျှင် (၅)လုံးနှုန်းဖြင့် ကြက်ဥ၊ ဘဲဥ အလုံး (၁၀၀၀)အား စျေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း