ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက် အတွင်း မျိုးကောင်းမျိုးသန့် မိုးစပါးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇွန် ၁၈

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားလာစေပြီး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်‌ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက် မြင့်မားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ဧက ၁၀၀ တင်း ၁၀၀ စံပြ စိုက်ကွက်အတွင်း ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း မိုးစပါးစိုက်ပျိုးနိုင်ရေး ထွန်ယက်စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြေသြဇာ မြေဆီမြေနှစ်ပြည့်ဝရေး တောင်သူများအား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုး၍  ပညာပေး ထယ်ထိုးမြှုပ်နှံထားရှိမှုအခြေအနေများနှင့် ဧက ၁၀၀ တင်း ၁၀၀ ထွက်ရှိရေး မျိုးကောင်း၊ မျိုးသန့် ဆင်းဧကရီ - ၃ မျိုးစပါးများ ဖြန့်ဝေစိုက်ပျိုး သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အဆိုပါ စံပြစိုက်ကွက်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စိုက်ကွင်းပတ်လည် ရေနုတ်မြောင်း အရှည်ပေ ၂၀၀၀ တူးဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လယ်ကွက်များအတွင်း လယ်ထွန်စက်ဖြင့် ထွန်ယက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါးသီးနှံ ရိတ်သိမ်းပြီးစီးပါက ဆီထွက်သီးနှံ ပဲပုတ်၊ ဆီမုန်ညှင်းနှင့် နေကြာများ စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်၍ တောင်သူများ စည်းရုံးဆောင်ရွက်သွားရေး၊ ကျွဲ၊ နွား အန္တရာယ်ကင်းဝေးရေးအတွက် စိုက်ပျိုးချိန်မီ ခြံခတ်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)