အမြို့မြို့အနယ်နယ်သတင်းများ

Jun 18,2023
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၊ သင်တန်း ကျောင်းများ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
Jun 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နေ ပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်ဥများအား ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  တာဝန်ရှိသူများက ယနေ့နံနက် (၈)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးတာဝန်ခံရုံးရှေ့၌ ရောင်းချပေးခဲ့ကြသည်။
Jun 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဇွန်လ ၁၈ ရက်နေ့၊ နံနက် ၉ နာရီ အချိန်မှစတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကြက်ဥ၊ ဘဲဥများအား ဈေးနှုန်းသက်သာစွာဖြင့် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများထံသို့ လက်လီရောင်းချပေးခဲ့‌ ကြောင်းသိရသည်။
Jun 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ(အခမဲ့)သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
Jun 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ် ရပ်ကွက်နေပြည်သူများ၊ ဘုန်းတော်ကြီးကျောင်းများ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်၍ အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီအချိန်က  အမှတ် ၁ ရပ်ကွက်အတွင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ မလက်တိုကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မလက်တိုကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။
Jun 18,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌၊ ပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန် မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကွန်ပျူတာဓါတ်မှန်စက်ဖြင့် နယ်လှည့် အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ တီဘီရောဂါ ရှာဖွေကုသခြင်းအား ဇွန် ၁၇ ရက်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကရုပ္ပိကျေးရွာ ကရုပ္ပိတိုက်နယ်ဆေးရုံ၌ ပြည်သူ (၂၀၀)ဦးကို ကွင်းဆင်းစစ်ဆေး ကုသပေးခဲ့ကြောင်း သိရသည်။