ကြံခင်းမြို့နေ ပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်​  ရောင်းချပေး

ကြံခင်း ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နေ ပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်ဥများအား ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် (၈)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးတာဝန်ခံရုံးရှေ့၌ ရောင်းချပေးခဲ့ကြသည်။

ထိုသို့အခြေခံစားသောက်ကုန် ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စနစ်တကျဝယ်ယူနိုင်ရေးအတွက် အားပေးကြည့်ရှု ပေါင်းစပ်ပေးခဲ့ကြောင်း၊ အိမ်ထောင်စု(၁)စုလျှင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်တစ်ပြည် (၂၅၀၀)ကျပ်နှုန်း၊ ဆီ ၅ ဘူး (၂၀၀၀)ကျပ်နှုန်း၊ ဆားတစ်ပိသာ (၄၀၀)ကျပ်နှုန်း၊ ကြက်ဥ (၅)လုံးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ယနေ့တွင် ဆန်(၅) အိတ်၊ ဆီ (၅၀)ပိသာ၊ ကြက်ဥ (၅၀၀)လုံး၊ ဆား(၁၀၀)ပိသာကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်းနှင့် အခြေခံစားသောက်ကုန်များကို ဇွန်လ(၂၅)ရက်နေ့ (တနင်္ဂနွေ)နေ့တွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)