သံဖြူဇရပ် ဇွန် ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌၊ ပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန် မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကွန်ပျူတာဓါတ်မှန်စက်ဖြင့် နယ်လှည့် အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ တီဘီရောဂါ ရှာဖွေကုသခြင်းအား ဇွန် ၁၇ ရက်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကရုပ္ပိကျေးရွာ ကရုပ္ပိတိုက်နယ်ဆေးရုံ၌ ပြည်သူ (၂၀၀)ဦးကို ကွင်းဆင်း စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ တီဘီရောဂါ ရှာဖွေကုသရာတွင် မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ လမ်းညွန်မှုဖြင့် သံဖြူဇရပ်မြိုနယ်ပြည်သူ့ဆေးရုံ တီဘီရောဂါကုသရေးဌာနမှ ဒေါက်တာတင်နီလာထွန်း ဦးစီး၍ ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ဓာတ်မှန်ရိုက်စစ်ဆေးခြင်း၊ လိုအပ်သည့် သောက်ဆေးများပေးဝေခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ကိုပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ နယ်လှည့်တီဘီရောဂါ ကွင်းဆင်းစစ်ဆေး ကုသပေးခြင်းကို သံဖြူဇရပ်မြို့နယ်အတွင်း၌ ဇွန်လ ၁၇ ရက်နေ့မှ စတင်ကာကွင်းဆင်းဆောင်ရွက်လျှက်ရှိပြီး ကွန်ပျူတာဓါတ်မှန်စက်ဖြင့် နယ်လှည့် ရင်ခေါင်းတီဘီရောဂါ ရှာဖွေကုသခြင်း လုပ်ငန်းအား ဇွန် ၂၉ ရက်နေ့အထိ စုရပ်အသီးသီးတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)