ကန်ကြီးထောင့် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဇွန်လ ၁၈ ရက်နေ့၊ နံနက် ၉ နာရီ အချိန်မှစတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကြက်ဥ၊ ဘဲဥများအား ဈေးနှုန်းသက်သာစွာဖြင့် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများထံသို့ လက်လီရောင်းချပေးခဲ့ ကြောင်းသိရသည်။
ထို့သို့ လိုက်လံရောင်းချပေးရာတွင် ကြက်ဥတစ်လုံးလျင် (၂၀၀) ကျပ်နှုန်းဖြင့် အလုံး (၃၀၀) နှင့် ဘဲဥတစ်လုံးလျှင် (၃၀၀) ကျပ်နှုန်းဖြင့် အလုံး (၅၀၀) အား ပြင်ပပါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် လိုက်လံရောင်းချပေးခဲ့ရာ အဆိုပါ ရောင်းချမှုသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့မှ လိုက်ပါရောင်းချပေးခဲ့ကြကြောင်း သိရသည်။
မဇင်(ပြန်/ဆက်)