ကျောက်မဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ကျောက်မဲ ဇွန် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ် ရပ်ကွက်နေပြည်သူများ၊ ဘုန်းတော်ကြီးကျောင်းများ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်၍ အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီအချိန်က  အမှတ် ၁ ရပ်ကွက်အတွင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောက်မဲခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သူဇာညွန့်၊ ကျောက်မဲမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့မြင့်နှင့်အဖွဲ့ဝင်များ၊ ပရိဟိတအဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများတို့သည် ကျောက်မဲမြို့ပေါ်ရှိ ရပ်ကွက်နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်‌ကျောင်းများရှိ ပုံမှန်အသုံးပြုလေ့ရှိသော သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ရေသိုလှောင်ထားသည့်ကန်၊ ရေစည်ပိုင်း၊ ရေတွင်းရေကန်များ၊ တာယာအဟောင်းများ၊ ရေဝပ်နိုင်သောနေရာများ၊ ပိုးလောက်လမ်းပေါက်ပွားနိုင်သည့် နေရာများကို ဖယ်ရှားပေးခဲ့ပြီး ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပြုလုပ်၍ အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ ဆက်)