အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲ အရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန ရုံး၌ ဇွန်လ (၂၀) ရက်‌နေ့ နံနက် (၉) နာရီမှစ၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်းသိရသည်။
Jun 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (Booster) ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာ မူလတန်းကျောင်းတို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ​က ထိုးနှံပေးလျက်ရှိသည်။
Jun 23,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲသူဘဝမရောက်ရှိရန် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့်မိတ်ဖွဲ့ခြင်းကို ရှောင်ကြဉ်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသော ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ဇွန် ၂၃ နံနက် ၈ နာရီ အချိန်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jun 23,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ဇွန် (၂၃) ရက် နံနက် (၈) နာရီက ပူတာအိုမြို့ အခြေခံပညာ အထက်တန်းကျောင်းများတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Jun 23,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဇွန်လ(၂၃)ရက် နံနက် (၁၀) နာရီက အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) နောင်စွန်း၌ ကျင်းပသည်။
Jun 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအားမိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို မေလ ၁၈ ရက်နေ့မှ စတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါဘဏ်တွင် ဆက်လက်ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
Jun 23,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မြင်းခြံကျော်အောင်ရေးသားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်(၁၂) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။