ငပုတော ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (Booster) ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာ မူလတန်းကျောင်းတို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးနှံရန်ရောက်ရှိလာသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် ပညာသင်ကြားနေသောအတန်းလိုက် စနစ်တကျစာရင်းသွင်း၍ ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင် (၂) ဦးသန်းဦးတို့မှ လာရောက်ကြည့်ရှူ့အားပေးခဲ့ကြပြီး ဆေးထိုးရန်ကျန်ရှိနေသောကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံကြပေးရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)