ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များအား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်

ကျောက်ဖြူ  ဇွန် ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်း ဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များကို သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်() နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ပြိန်းစေ့ကေကျေးရွာအုပ်စုရှိ အမှတ်(၃၂)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများအား အခမဲ့ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် ဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်() နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ခွဲစိတ်အထူးကုပါရဂူ ဗိုလ်ကြီးထင်လင်း၊ အထွေထွေရောဂါကုသမှု ဆရာဝန် ဗိုလ်ကြီးကျော်စံဝင်းနှင့် သူနာပြုများ ပါဝင်သည့် အဖွဲ့သည် ကျောက်ဖြူမြို့၊ ပြိန်းစေ့ကေကျေးရွာအုပ်စုရှိ အမှတ် (၃၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲခန်းမ၌ အဆိုပါ ရဲတပ်ရင်းမှ ရဲတပ်ဖွဲ့ ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ဒေသခံပြည်သူများကို  ဆေးကုသမှု အခက်အခဲ မရှိစေရေး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ သွားနှင့်ခံတွင်းရောဂါ ခံစားနေရသူများ၊ မျက်စိဝေဒနာ ခံစားနေရသူများ၊ နာမကျန်း ဖြစ်နေသူများနှင့် ကလေးသူငယ်များမှ လာရောက်၍ ဆေးကုသမှု ခံယူလျက်ရှိပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆရာဝန်များနှင့် တာဝန်ရှိသူများက လိုအပ်သည့် ဆေးဝါးများနှင့် ဆေးကုသပေးမှုများအား (အခမဲ့) ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)