နောင်ချို ဇွန် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအားမိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို မေလ ၁၈ ရက်နေ့မှ စတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါဘဏ်တွင် ဆက်လက်ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် နိုင်ငံသားများ၏ စားနပ်ရိက္ခာဖူလုံစေရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူ လယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားရေးဘဝ တိုးတက်စေရန် ရည်ရွယ်၍ မေလ ၁၈ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ ကျေးရွာအုပ်စု (၂၇)အုပ်ရှိ တောင်သူဦးရေ (၂၀၅၈)ဦးအတွက် စပါး၁ဧကလျင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ ပြောင်း၁ဧကလျင် ၁၀၀၀၀၀ နှုန်းဖြင့် စုစုပေါင်း စပါးဧက (၂၇၇၉)ဧကနှင့် ပြောင်း(၈၀၆၂)ဧက အတွက် စုစုပေါင်း ထုတ်ချေးငွေ (၁၂၂၃၀၅၀၀၀၀/-)ကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း ကျန်ရှိသည့် ကျေးရွာ အုပ်စုများကိုလည်း ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။
ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)