ဒေါ့ဖုန်းယန်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ဒေါ့ဖုန်းယန် ဇွန် ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲသူဘဝမရောက်ရှိရန် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့်မိတ်ဖွဲ့ခြင်းကို ရှောင်ကြဉ်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသော ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ဇွန် ၂၃ နံနက် ၈ နာရီ အချိန်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင်မူးယစ်ဆေးဝါးအန္တရာယ်အမျိုးသားရေးအသွင်တိုက်ဖျက် ဆောင်းပါး၊ ထိထိရောက်ရောက်ရှာဖွေဖော်ထုတ် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ၌ ပြောကြားသည့် အမှာစကားမှကောက်နုတ်ချက်)၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များသိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ် ဆေးဝါးတို့ရှောင်ရှားကဗျာ၊ ကာတွန်းအစရှိသည့် အကြောင်းအရာများပါဝင်သောသတင်းစကားလက်ကမ်း စာစောင် (၂၆၀) စောင်ကို ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။

သန်းနိုင်စိုး (ပြန်/ဆက်)