အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်းကျင်းပသော နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍
Jun 23,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ဒုတ္ထန်ရပ်ကွက် နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူ ဦးဇာမဲဒီး၏ စိုက်မြေတစ်ဧကတွင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အာဟာရပြည့်ဝသော တိရစ္ဆာန်အစာပင်များ စိုက်ပျိုး၍ မွေးမြူရေးစနစ်ကိုကျင့်သုံးပြီး ဒေသခံ တိရစ္ဆာန်မွေးမြူသူများအနေဖြင့် လိုက်နာကျင့်သုံးတတ်စေရန် ရည်ရွယ်ပြီး ယမန်နေ့ ညနေပိုင်းက နေဗီယာမြက်များ သရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။
Jun 23,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၂၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ချမ်းမြသာစည်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်‌ကေသွယ်ခိုင်နှင့်ဝန်ထမ်းများက ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့်နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။
Jun 23,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် တောစိမ့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် ပြည်သူများ လူကုန်ကူးမှုအန္တရာယ်နှင့် လူမှောင်ခိုမှုအန္တရာယ်များကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍
Jun 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 23,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံဒေသထွက်လက်ဆောင်ပစ္စည်းထုတ် လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုဂံဒေသထွက်ပစ္စည်းရောင်းချသော ဈေးဆိုင်လုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
Jun 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ယမန်နေ့က အ.ထ.က-၁ ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။