တနိုင်း ဇွန် ၂၃
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲ အရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန ရုံး၌ ဇွန်လ (၂၀) ရက်နေ့ နံနက် (၉) နာရီမှစ၍ ကာကွယ် ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်းသိရသည်။
ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးရာတွင် ရပ်ကွက်/ကျေးရွာများရှိ အသက် နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ်ကလေးငယ်များအား မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှ ဆရာမကြီး ဒေါပြုံးချိုနှင့်အဖွဲ့များက ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင်အသားဝါ (ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင် (၅)မျိုးစပ်ကာကွယ်ဆေး ပိုလီယို၊ အကြောသေ၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ (၁၀)မျိုးနှင့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ပိုင်ထွန်း(တနိုင်း)