ပူတာအိုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

ပူတာအို   ဇွန်   ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ဇွန် (၂၃) ရက် နံနက် (၈) နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက် ဆောင်းပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ၌ ပြောကြားခဲ့သည့် အမှာစကားမှကောက်နုတ်ချက်၊ မူးယစ်ဆေးဝါး တို့ရှောင်ရှားကဗျာ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ကာတွန်း၊ဆောင်ပုဒ်များ စသည့်အချက်များပါဝင်ကြောင်းသိရသည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ခင်သူဇာ၊ ဦးစီးအရာရှိဦးစိုးမိုးနိုင်နှင့်ဝန်ထမ်းများက သတင်းစကားလက်ကမ်းစာစောင် (၇၆၅) စောင်အား အ.ထ.က (ဒုတ္ထန်) နှင့်အ.ထ.က (လေယာဉ်ကွင်း) ကျောင်းများတွင်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဖုန်ကန် (ပူတာအို)