အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2023
ချင်းပြည်နယ်တီးတိန်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ထောက်ပံ့ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကိုယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
Jun 23,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဝန်ထမ်းများကအခြေခံပညာအထက်တန်းကျောင်း (စက်ကုန်း) တွင် ပညာသင်ကြားနေကြသော ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများထံသို့ ယ‌နေ့နံနက် (၁၀) နာရီက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jun 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉:၃၀ နာရီအချိန်တွင် မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်လုပ်ငန်း စတင်ခြင်းအထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 23,2023
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ ၊ မွန်းတည့် ၁၂ နာရီက အလုံမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Jun 23,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဗန်းမော်မြို့နယ်၊ ((၅)မိုင်) စီအင်ကျေးရွာ၌ တိရစ္ဆာန်များ အစာဖူလုံမှုရှိစေရန်အတွက် မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ခင်း ရက်သတ္တပတ်လှုပ်ရှားမှုကို ယမန်နေ့ ညနေ ၃ နာရီခန့်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၁၀) တွင်ပါရှိသည့် စာရေးဆရာ ဒေါက်တာလွင်သန့် ရေးသားထားသော “ နွေရာသီမှာ ရင်ဆိုင်ရမည့် ကျန်းမာရေးပြဿနာများ” ဆောင်ပါးဖြင့် ​အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
Jun 23,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အကြောင်း အသိပညာပေး  Talk Show ကို ယနေ့နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။