လယ်ဝေး မေ ၂၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်လူငယ်များနှင့် စာဖတ်ဝိုင်း ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က အဖွင့်မိတ်ဆက်စကားပြောကြားပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များ၊ စာရေးဆရာများနှင့် စာပေဝါသနာရှင်လူငယ်များက စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ၏ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်ပါ ဆောင်းပါးများအား ဖတ်ရှု၍ အပြန်အလှန်ဆွေနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြသထားသည့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများ၊ သင်တန်းများနှင့် အသိပညာပေး Talk Show များ၊ အစည်းအဝေးဆွေးနွေးပွဲများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)