မိုင်းပျဉ်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်‌ရောဂါကာကွယ်ဆေးထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်

မိုင်းပျဉ်း မေ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့်  တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ကွင်းဆင်းဆောင်ရွက်မှုကို ၂၀၂၆ ခုနှစ် ယနေ့နံနက်ပိုင်းက ယမ်းမိုင်ကျေးရွာအုပ်စု၊ ယမ်း‌မိုင်ကျေးရွာအတွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မိုင်းပျဉ်းမြို့နယ် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်သန်းက ယမ်းမိုင်ကျေးရွာအုပ်စု၊ ယမ်းမိုင်ကျေးရွာအတွင်းရှိ မိသားစုတစ်နိုင်တစ်ပိုင်မွေးမြူထား‌သော ကျွဲ၊ နွား၊ ကြက်၊ ဝက် မွေးမြူခြံများသို့သွားရောက်၍ တိရစ္ဆာန်မွေးမြူရေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းဆောင်ရွက်ပြီး၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်က လိုက်ပါကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်အတွင်းရှိ အခြားကျေးရွာအုပ်စုများတွင်လည်း ရက်အလိုက်သတ်မှတ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)