ကန်ကြီးထောင့် မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို မေလ ၂၁ ရက် နံနက်ပိုင်းက ကန်ကြီးထောင့်မြို့အဝင်မာလာကုန်း လမ်းဆုံတွင် စိုက်ထူခဲ့ကြသည်။
ရှေ့ဦးစွာ ကန်ကြီးထောင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးကြူ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စိုက်ထူခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။
အဆိုပါကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးကြူ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများမှ တက်ရောက်ခဲ့ကြပြီး ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလမှာ မေ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖြစ်ကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)