ဘိုကလေး မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းကို ယခုရက်သတ္တပတ်အတွင်း၌ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၈၆) အုပ်စုတွင် မြို့နယ်ဌာနဆိုင်ရာများ ပါဝင်ဖွဲ့စည်းထားသော မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းခြင်းကို မေလ(၂၅)ရက်နေ့ နောက်ဆုံးထားရှိ၍ မြို့နယ်ကွင်းဆင်း ကြီးကြပ်ရေးအဖွဲ့များက ဆောင်ရွက်သွားကြမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းရာတွင် ရပ်ကွက်/ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး ပြည်သူလူထုဆန္ဒဖြင့် ကြီးကြပ်ရေးအဖွဲ့ဝင် (၅) ဦး ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၆) အုပ်စု၊ စုစုပေါင်း (၈၆)အုပ်စုတို့တွင် အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းကို မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ (၁၆) ဖွဲ့က သတ်မှတ် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကွင်းဆင်း၍ ပြည်သူလူထုဆန္ဒဖြင့် ကြီးကြပ်ရေးမှူးများ ရွေးချယ်၍ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး အဆင့်အလိုက် သတ်မှတ်စည်းမျဉ်းများနှင့် ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်