ဆီဆိုင် မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ ညနေ ၆ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါးတောင်ကျေးရွာ၌ မိုးကြိုးထိမှန်၍ နွားကောင်ရေ (၅၀)ခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့သို့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် ကောင်ဝါးတောင်ကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်တွင် စာကျက်လွှတ်ကျောင်းထားသည့် နွာကောင်ရေ (၂၅၀) အနက် ပိုင်ရှင်(၁၇)ဦး ပိုင်သည့် နွားကောင်ရေ(၅၀)ခန့်သည် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)