ဆိပ်ဖြူ မေ ၂၂
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်တာဝန်) စွမ်းရည်မြှင့်မွမ်းမံသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့နံနက် ၇ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်လုံခြုံရေးတပ်ခွဲ၊ လုံခြုံရေးအရာရှိ ဗိုလ်မှူးကျော်ဇေဟိန်းက သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးကြီးကြမ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းက သင်တန်းဆင်းအမှာစကားပြောကြားပေးပြီး သင်တန်း၌ ထူးချွန်ဆုရသင်တန်းသားများအား ဆုများချီးမြှင့်ခြင်း၊ သင်တန်းနည်းပြများအတွင် ထောက်ပံ့ချီးမြှင့်ငွေ (၂၅၀,၀၀၀) ကျပ်၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်တာဝန်)သင်တန်းသားများအား ထောက်ပံ့ချီးမြှင့်ငွေ (၅၀၀,၀၀၀) ကျပ် တို့ကိုပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)