မဟာအောင်မြေမြို့နယ်၌ ကျောင်းကျန်းမာရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်

မဟာအောင်မြေ မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား/သူများ ခြင်မှတဆင့် ကူးဆက်နိုင်သည့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရန် ကျောင်းကျန်းမာရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျောင်းကျန်းမာရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်ရာသို့ မဟာအောင်မြေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်စိုးစိုးနှင့် ဆရာ၊ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း (ပြန်/ဆက်)