ပွင့်ဖြူ မေ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေးအတွက် တာဝန်သိစိတ်ဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ လုပ်ငန်းစွမ်းရည်မြှင့်မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြှင့် မွမ်းမံသင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စွမ်းရည်မြှင့်မွမ်းမံသင်တန်းနည်းပြဆရာ ငါးဦးနှင့် သင်တန်းသား ၅၀ ဦးတို့အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော ပံ့ပိုးငွေများကို တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်သည်။
အဆိုပါ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) လုပ်ငန်းစွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ဧပြီ ၂၇ ရက်နေ့မှစပြီး ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )