ကန့်ဘလူမြို့၌ ရက် ၁၀၀ စီမံချက်ဖြင့် ပြုလုပ်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ပွဲကျင်းပ

ကန့်ဘလူ မေ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ ပေါ်ရပ်ကွက်များအတွင်း ရက် ၁၀၀ စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်များပေးအပ်ပွဲကို မေ ၂၀ ရက်နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က အဖွင့်အမှာ စကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးလေးဆွေက ရပ်ကွက်များအတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြား သည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့်တာဝန်ရှိသူများက ပြည်သူများလက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်များပေးအပ်ကြသည်။ အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်ပွဲတွင် အသက် ၁၀ နှစ်ပြည့်မှာ ၁၂၆၉ ဦးနှင့်အသက် ၁၈ နှစ်ပြည့်မှာ ၁၈၄ ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)