မိုးနဲမြို့နယ်၌ (cp)ပြောင်းများ စတင်စိုက်ပျိုး

မိုးနဲ မေ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဒေသခံများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ရာသီအလိုက်စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအချိန်တွင် (cp)ပြောင်းများ စတင်စိုက်ပျိုးနေကြကြောင်း သိရသည်။

အဆိုပါပြောင်းများမစိုက်ပျိုးမီ ဦးစွာထယ်ထိုးထားကြရပြီး စိုက်ပျိုးချိန်တွင် မျိုးစေ့ချသူ တစ်ဦးလျှင် ကျပ်(၂၀,၀၀၀)သောင်းနှုန်းဖြင့် ငှားရမ်းကြရကြောင်း၊ ထွန်စက်ငယ်အငှားထွန်ယက် သူငှားရမ်းပါက တစ်နေ့လျှင် ကျပ် (၆၀,၀၀၀)နှုန်း အသုံးပြုရကြောင်း၊ စိုက်ပျိုးပြီးချိန်တွင် မြေဆွအငှားလိုက်သူများကို ငှားရမ်းရကြောင်း၊ ရိတ်သိမ်းချိန်တွင်လည်း ထပ်မံငှားရမ်းကြရကြောင်း၊ ရိတ်သိမ်းပြီးချိန်တွင် ချွေလှေ့စက်ဖြင့်ချွေလှေ့ကာ ပွဲရုံသို့တင်ပို့ရောင်းချကြကြောင်း၊ ယခင်နှစ်တွင် ပြောင်းတစ်ပိသာလျှင် ကျပ်(၁၃၀၀)ပေါက်ဈေးဖြင့် ရောင်းချခဲ့ကြောင်းနှင့် ပြောင်းများမစိုက်ပျိုးမီ ကြက်သွန်ဖြူများကို စိုက်ပျိုးခဲ့ကြောင်း ပြောင်းစိုက်ပျိုးတောင်သူ၏ ပြောကြားချက်အရသိရသည်။

မိုးနဲမြို့နယ်တွင် ရာသီအလိုက်အဓိကစိုက်ပျိုးသီးနှံများ အဖြစ် စပါး၊ ပြောင်း၊ ပဲပုပ်၊ ကြက်သွန်၊ ပန်းနှမ်းနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။

ဇင်ကိုကို