ပြင်ဦးလွင်မြို့တွင် အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်း

ပြင်ဦးလွင် ဇူလိုင် ၃၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်  အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေရေး၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေးနှင့် မိသားစုနှင့်အိုးမကွာအိမ်မကွာဖြင့် ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ကျင်းပသည်။  

ဦးစွာ  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက ထူးချွန်ဆုရရှိသည့်သင်တန်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြင့်ခဲ့၍ သင်တန်းတွင် ပထမဆုရရှိခဲ့သည့် သင်တန်းသူအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေမိုးသူဇာက ငွေကျပ်(၁)သိန်းကျပ်အား ချီးမြှင့်ခဲ့ပြီးနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဇင်မိုးလှိုင်က သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး  သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားသည်။

ယခုဖွင့်လှစ်ခဲ့သော အခြေခံစက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်းသူများအား အခြေခံစက်ချုပ်နည်းပညာများအား (၁)လကြာ သင်ကြားပို့ချပေးခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရသည်။

ခရိုင် (ပြန်/ဆက်)