အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ယနေ့နံနက် (၈)နာရီတွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကို ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ (၁) နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Jul 09,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗဟုသုတတိုး ပွားစေရေး အသိပညာပေး‌ဟောပြောခြင်း စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဇူလိုင်လ ၉ ရက်နေ့၊ နံနက်ပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်း‌ကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။
Jul 09,2026
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် လမင်းစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်သည့် အသက် (၁၀) နှစ်ပြည့်ပြီး ကျောင်းသား/ ကျောင်းသူများအားနိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကတ်ပြားများ ပေးအပ်ပွဲကို ဇူလိုင်လ ၉ ရက်နေ့ နံနက် ၉ နာရီက ဆိပ်ဖြူ (အ.ထ.က) ကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jul 09,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက  မူလွန်(အလယ်ရွာ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 09,2026
စစ်ကိုင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ခွဲ) ရန်နိုင်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Jul 09,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.လ.က(ချည်မျှင်)ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) “လမင်းစီမံချက်”ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ထုတ်ပေးခြင်းအခမ်းအနားကို ဇူလိုင်လ ၈ ရက်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။