အမြို့မြို့အနယ်နယ်သတင်းများ

Jun 30,2026
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက  အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။
Jun 30,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်ဥပဒေချုပ်ရုံးမှ ကြီးမှူးကျင်းပသော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအ ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 30,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့​၌ မြို့သစ်တောဦးစီးဌာနမှ ကြီးမှူး ကျင်းပသော မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အမှတ် (၂) ရပ်ကွက်ရှိ နောင်တုံဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
Jun 30,2026
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကွင်းဆင်းဆေးကုသမှုလုပ်ငန်းအား ကုသရေးဦးစီးဌာန၊ နေပြည်တော်သွားနှင့် ခံတွင်းအထူးကုဆေးရုံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် လားရှိုးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် “ဝ” အထူးဒေသ၊ ပန်ဆန်း (ပန်ခမ်း) မြို့နယ်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ဇွန်လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ  လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
Jun 30,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာန၏ စီစဉ်မှုဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နားခံကျေးရွာအုပ်စု စက်တော်ရေထွက်အနီးနေရာ၌ ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်က စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Jun 30,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် တောင်သူများ ကိုယ့်မျိုးကိုယ်ထား ခေါင်နှံမျိုးသန့်ပွားနည်း ပညာရရှိစေရန်အတွက် ခေါင်နှံဖြင့် ပျိုးထောင်ခြင်းနှင့် မိုးစပါးပျိုးခင်းများ ပိုးမွှားရောဂါကင်းစင်ရေး၊ ကောက်ကွက်ပြည့်မီရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်က နမ့်မော်ဆွမ့်ကျေးရွာ တောင်သူ ဦးစိုင်းထွန်း၏ လယ်မြေတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 29,2026
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေနံနက်ပိုင်းကထုတ်ပြန်ခဲ့ရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အနေဖြင့် အောင်မြင်သူ (၁၇၅)ဦးရှိ၍  အောင်ချက် ရာခိုင်နှုန်းအနေဖြင့် ၄၅ဒသမ ၆၉ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
Jun 29,2026
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အ.ထ.က(မတ္တရာ) စာစစ်ဌာနတွင် မတ်လအတွင်း၌ ကျင်းပဖြေဆိုခဲ့သော ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း များကို ဇွန်လ ၂၈ရက်နေ့ နံနက် ၆နာရီက မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာသည်။