အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦီးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ စကားဝါဆောင်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Jul 09,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ်၊ နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား  မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေးလိုက်နာဆောင် ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်၍  မိုးစပါးစိုက်တောင်သူများအား (ပြည်ထောင်စု) သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၈ ရက် နံနက် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 09,2026
ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အစိုးရသစ်ကာလ၊ ရက်(၁၀၀)စီမံချက်ဖြင့် သန်လျင်မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံ(၇)ရုံအား ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Jul 09,2026
ပဲခူး​တိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်းခွဲ(ရွာလှ)၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 09,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်တွင် သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှစီစဉ်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဒေသစိမ်းလန်းစိုပြည် လာစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အကျိုးပြုသည့် ၂၀၂၆ ခုနှစ် ခရိုင်အဆင့် မိုးရာသီ ဒုတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ်(၈၀/၅ဖာလုံ) ဂုံမင်းမြောင်ကျေးရွာ၌ ကျင်းပသည်။
Jul 09,2026
မန္တ‌လေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့က ကျောင်းကျန်းမာရေးလုပ်ငန်းများကို အ.မ.က-၇ မူလွန်၊ အ.မ.က-၈ မူလွန်၊ အ.မ.က-၆၊ အ.မ.က-၁၀ ကျောင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်၌ ခြင်မှတဆင့် ကူးစက်တတ်သောရောဂါ ကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့က ယနေ့ နံနက်ပိုင်းက  ရွှေပေါက္ကံ (၁၇) ရပ်ကွက်အတွင်းရှိ  နေအိမ်များသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
Jul 09,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်း ကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက အ‌ခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။