သာယာဝတီမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (Grade-5)နှင့် (Grade-9)နှစ်ဆုံးစာမေးပွဲများ ဖြေဆို

သာယာဝတီ ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအတန်းများ Grade-5/ Grade-9 နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်နံနက်ပိုင်းက မြန်မာစာဘာသာကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲ (ပထမနေ့) မြန်မာစာဘာသာရပ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့် (Grade-9) စာစစ်ဌာန (၇)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၂၇၈)ဦး၊ (Grade-5) စာစစ်ဌာန(၃၉)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၂၈၈၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၉၂)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်း၊ စုစုပေါင်း (၁၉၄)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)