လဲချား ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာဉီးစီးဌာနမှ နွေရာသီကာလတွင် လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများတွင် ဘောလုံး၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ် စသည့် သင်တန်းများအား မြို့နယ်ကစားကွင်း၊ လေ့ကျင့်ရေးခန်းမ၊ သီရိဟံသာခန်းမ၊ ကျောက်တိုင်ခြင်းကွင်းနှင့် မြို့နယ်အားကစားကွင်းတို့တွင် နည်းပြ ၈ ဉီးဖြင့် မတ်လမှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)