ကျောက်ကြီးမြို့နယ်၌ ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်း ဆင်းပွဲပြုလုပ်

ကျောက်ကြီး ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် မြို့နယ်အခြေခံပညာအထက်တန်းကျောင်း Grade - 4 ခန်းမတွင် ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်း ဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ယုယုမော်တို့ တက်ရောက်အမှာစကားပြောကြားပြီး၊ ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်းအား မေတ္တာဖြင့် သင်ကြားပြသပေးသော ဆရာ/ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုလက်ဆောင် ပစ္စည်းပေးအပ်ခြင်းနှင့် ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်းတွင်ထူးချွန်း ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုငွေ၊ ဒိုင်းတံဆိပ်ဆုနှင့် သင်တန်းဆင်းလက်မှတ်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ကပေးအပ်ပြီး၊ ကျန်အခြေခံပညာမူလတန်းအဆင့်၊ အခြေခံပညာအလယ်တန်းအဆင့်နှင့် အခြေခံပညာအထက်တန်းအဆင့် သင်တန်းသား/ သင်တန်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်း ဆင်းလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီမြှင့်ပေးပြီး၊ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ် သံပြိုင်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)