ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ဇမ္ဗူသီရိ  ဖေဖော်ဝါရီ  ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက  စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်သူအချင်းချင်း အသိပညာများဖလှယ်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကိုဆက်လက်ပြုလုပ်ရာ  စာပေချစ်မြတ်နိုးသူများက စာရေးဆရာ အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်)ရေးသားသော "စိတ်နှလုံး အေးချမ်းပါစေ" စာအုပ်တွင်ပါရှိသော ခေါင်းစဉ်များအနက်မှ ရည်ရွယ်ချက်မြင့်မြင့်ထားပါ၊ ရင့်ကျက်မှု၊ ကိုယ်ပိုင်စည်းကမ်း၊ လမ်းမှန်နဲ့ပန်းတိုင်၊ အလုပ်ဟူသမျှဂုဏ်ရှိစွ၊ အရာတိုင်းမှာတန်ဖိုးရှိပါတယ်၊ အကောင်းတွေနဲ့တွေ့ကြပါစေ၊ စိတ်ဖိစီးမှုကိုလျှော့ချနိုင်တဲ့နည်းစသည့်  ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုချင်းအလိုက် အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ 

တင့်ဖူးခိုင်(ပြန်/ဆက်)