ချောက်မြို့၌ နွေရာသီ အင်္ဂလိပ်စာသင်တန်း(အခမဲ့) ဖွင့်လှစ်

ချောက် ဖေဖော်ဝါရီ  ၂၄

မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့၌မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန် အင်္ဂလိပ်စာကိုအခြေခံမှစ၍အလွယ်တကူသင်ကြားတတ်မြောက်စေရန်၊ အင်္ဂလိပ်စာအရည်အသွေးများမြင့်မားတိုးတက်စေရည်ရွယ်၍ နွေရာသီအင်္ဂလိပ်စာသင်တန်း(အခမဲ့)ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင်‌  ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နွေရာသီအင်္ဂလိပ်စာသင်တန်း(အခမဲ့)သင်တန်းတွင်  Speaking၊ Listening၊ Reading၊ Writing၊ Thinking၊ Spelling၊ Translating၊ Pronunciation(8Skills) ဘာသာရပ်များ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနည်းပြအဖြစ် အောင်ပြည့်သာ ပညာရေးစင်တာမှ ဆရာမဒေါ်မွန်မွန်ကိုဖြင့် အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် မွန်းလွဲ (၁၂)နာရီခွဲမှ မွန်းလွဲ (၂)နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

​​အဆိုပါ သင်တန်းကိုအခြေခံပညာကျောင်းများမှ အလယ်တန်းဆင့်(Grade-6၊ Grade-7၊Grade-8) ကျောင်းသား/ကျောင်းသူ(၃၅)ဦးတက်ရောက်ခဲ့ပြီး သင်တန်းအား ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှ ဧပြီလ (၁) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)