နေပြည်တော် ပုဗ္ဗသီရိဈေး၌ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများ ဆောင်ရွက်

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်ရှိ နေပြည်တော် ပုဗ္ဗသီရိဈေး မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများကို ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်တိုင်းမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သီဟ ဦးဆောင်မှုဖြင့် ဥတ္တရခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်၊  မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီဝင်းနှင့် တပ်ဖွဲ့ဝင်များ၊  ပုဗ္ဗသီရိဈေးတာဝန်ခံနှင့် ဈေးစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များက ဈေးသူ၊ ဈေးသားများအား ‌ဆိုင်ခန်းများအတွင်း ပစ္စည်းများအား ဂိုထောင်သဖွယ် သိုလှောင်ထားရှိခြင်းမပြုလုပ်ရန်၊ ဈေးပိတ်သိမ်းပါက လျှပ်စစ်မီးများအား ခလုတ်ပိတ်၊ ပလပ်ဖြုတ်ခြင်းများ ဆောင်ရွက်သွားကြရန်၊ ဈေးအနီးရှိ ရေသိုလှောင်ကန်အား ရေအသင့်ဖြည့်တင်းထားရှိရန်နှင့် မီးသတ်ဆေးဘူးများအား လက်တွေ့ကိုင်တွယ်အသုံချနည်းစနစ်များအား အသိပညာပေးပြောကြားခဲ့ပြီး အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များနှင့် မီးသတိပေးပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)