အုတ်တွင်း ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးခုတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ စတင်ကာဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိသည်။ အုတ်တွင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်ဖြေဆိုမည့် စာစစ်ဌာနငါးခုရှိပြီး အုတ်တွင်း အ.ထ.ကတွင်(၂၄၈)ဦး၊ ကျွဲပွဲအ.ထ.ကတွင်(၃၃၂)ဦး၊ တပ်နယ်အ.ထ.ကတွင်(၉၈)ဦး၊ထန်းကုန်း အ.ထ.ကတွင်(၁၃၃)ဦး၊ အ.စ.မ(ညောင်ခြေထောက်)တွင် ကျောင်းသား/ကျောင်းသူ(၄၄)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၈၅၅) ဦးတို့က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဘာသာတွဲများအလိုက် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။
အုတ်တွင်းမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား စာစစ်ဌာနများအလိုက် ဘာသာတွဲများအား စာမေးပွဲဖြေဆိုချိန်မတိုင်မီအထိ ဖြေဆိုခွင့်ကတ်ပြားများကိုထုတ်ပေးသွားမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများထုတ်ယူရာ၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ဓာတ်ပုံ၊ ရပ်ကွက်ထောက်ခံစာမူရင်းများ ယူဆောင်လာကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)