ဆားမလောက် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း၌ ကျင့်-၄၀၁(၁)အရ လွတ်မြောက်သည့် အကျဉ်းသားများအား လွှတ်ပေးသည့် အခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အကျဉ်းဦးစီးဌာန၊ ဆားမလောက် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတွင် တပေါင်းလပြည့်နေ့ အခါသမယနှင့် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် ကျင့်-၄၀၁(၁)အရ လွတ်မြောက်သည့် အကျဉ်းသားများအား လွှတ်ပေးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက စခန်း၏ရှင်းလင်းဆောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ပူတာအိုမြို့၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။ 

သထုံမြို့နယ်၌ (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား ပြည်နယ်အဆင့် စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ်အဆင့် (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို မတ်လ ၂ ရက်၊ တပေါင်းလပြည့်နေ့ နံနက်က သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသား ဗိမာန်တော်၌ ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ညောင်ဦးခရိုင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် ကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မီးဘေးကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် ဖြေဆိုကြမည့်အခန်းများ အလင်းရောင်ကောင်းစွာရရှိရေး ဆောင်ရွက်ထားရှိမှုတို့အား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် တာဝန်ရှိသူများ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အစုအဝေးဖြင့်နေထိုင်သောနေရာများရှိ အသက်(၉)လမှ ၁၅ နှစ်အောက်ကလေးများအား ၀က်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံမှုကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရေကြည်မြို့နယ်အတွင်း သီတင်သုံးတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ် တပေါင်းလပြည့်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၏ မြို့ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီးတွင် မြို့နယ်အတွင်း သီတင်သုံးတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၇)နာရီအချိန်က စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့‌သည်။

အုတ်ဖိုမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် သစ်တောဦးစီးဌာနမှ ဒီးဒူးပင်ကျေးရွာဓမ္မာရုံ၌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သစ်တောထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ညောင်တုန်းမြို့ သမိုင်းဝင် မိုးဟုတ်စေတီတော်မြတ်ကြီး၌ (၁၆၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်း‌တော်ကြီးလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ သမိုင်းဝင် မိုးဟုတ်စေတီတော်မြတ်ကြီး၌ နှစ်စဉ်ကျင်းပလျက်ရှိသည့် (၁၆၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်း‌တော်ကြီးလောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းက စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

တံတားမြို့၌ အသက် ၉ လမှ ၁၅ နှစ်အတွင်း ကလေးများအား ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မိဘမဲ့ကျောင်းများ၊ IDP camp များ၊ ဘုန်းတော်ကြီး‌ကျောင်းများ၊ သီလရှင်ကျောင်းများရှိ  လူစုလူဝေးဖြင့် နေထိုင်သည့်နေရာများတွင် အသက် (၉)  လမှ (၁၅)နှစ်ကလေးများအား ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မတ်လ (၁) ရက်နေ့ နံနက်ပိုင်းကစတင်၍ တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

နောင်တရားမြို့ စန္တာခမ်းပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း၌ (၇၇)နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့ စန္တာခမ်းပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း၌ (၇၇)နှစ်မြောက်  ပအိုဝ်းအမျိုးသားနေ့ကို မတ်လ ၂ ရက် နံနက် ၆ နာရီတွင် ကျင်းပသည်။
Subscribe to