တပေါင်းလပြည့်နေ့အခါသာမယနေ့နှင့် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ပေါင်းတည် အချုပ်ထောင်မှ အကျဉ်းသား အကျဉ်းသူ ၅၆ ဦးလွတ်ငြိမ်းချမ်းသာခွင့်ပြု

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသုဓမ္မ မင်းအောင်လှိုင်ကမတ်လ ၂ ရက်တွင် ကျရောက်သည့် တပေါင်းလပြည့်အခါသာမယနေ့နှင့် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန် လူမှုရေးအရ အလေးထား ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတစ်ဝှန်းအချုပ်ထောင်၊ အကျဉ်းထောင်များ မှ စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီ‌သည့်အကျဉ်းသား အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်းသိရသည်။

တပေါင်းလပြည့်နေ့အခါ၌ ဘိုကလေးမြို့နယ် တာဝတိံသာ စေတီတော်သစ်ကြီးအား စည်ကားသိုက်မြိုက်စွာဖြင့် ထီးတော်တင်လှူ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အထင်ကရစေတီတော်တစ်ခုဖြစ်သည့် တာဝတိံသာစေတီတော်ကြီးသည် (၂၀၂၂)ခုနှစ် ဧပြီလ၌ စောင်းတန်း ပြိုကျပျက်စီးမှုကြောင့် စေတီတော်ဟောင်းအား ဖျက်သိမ်း၍ ရဟန်း၊ ရှင်၊ လူ၊ သာသနာ့ဒါယကာ/မများ၏ ဝိုင်းဝန်းလှူဒါန်းမှုများဖြင့် ငွေကျပ်သိန်းပေါင်း (၁၂၅၀၀) ကျော် အကုန်ကျခံ၍ စေတီတော်သစ်ကြီးအား ပြန်လည်တည်ထားကိုးကွယ်ခဲ့ရာ ယနေ့ တပေါင်းလပြည့်နေ့အခါ မတ်လ(၂)ရက်နေ့ နံနက်( ၇)နာရီ မိနစ်(၂၀) မင်္ဂလာအချိန်၌စေတီတော်သစ်ကြီး၏ အထက်ဌာပနာတော်သွင်းလှူခြင်း၊ အထွဋ်စေတီတော်အား ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

မြင်းခြံဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၄၉) ဦး လွတ်ငြိမ်းခွင့်ရရှိ

မန္တလေးတိုင်းဒေသကြီး မြင်းခြံဗဟိုအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/အကျဉ်းသူ များအနက် အမျိုးသားကာကယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သွားသော အကျဉ်းသား/အကျဉ်း သူ (၄၉) ဦးအား လွတ်ပေးခြင်းကို ယနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်က မြင်းခြံဗဟိုအကျဉ်းထောင် အလုပ်ရုံခန်းမတွင် ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ကျောက်တန်း ကျောင်းဟောင်း၊ လောကမေတ္တာ ဆုတောင်းပြည့် နဂါးရုံဘုရား၊ လောကသန္တာဆုတောင်းပြည့် မြဘုရား ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျောက်တန်ရပ်ကွက်၊ ကျောက်တန်း ကျောင်းဟောင်း၊ လောကမေတ္တာ ဆုတောင်းပြည့် နဂါးရုံဘုရား၊ လောကသန္တာဆုတောင်းပြည့် မြဘုရား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် သံဃာတော်အပါး(၅၅ဝ) တို့အား သံဃဒါန ဆွမ်းဆန်တော် လောင်းလှူပွဲ ဖဲကြိုးဖြတ် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ကျောက်တန်း ကျောင်းဟောင်း ပရိပတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်အရှင်သူမြတ်များအား လူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော် ရှင်မြတ်ဘုရားကြီးတွင် ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခြင်းအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကျင်းပပြုလုပ်သော ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး အထက်ပစ္စယံ ဂုဏ်တော်ကိုးပါးရှိ စနေဒေါင့်မှ ဗုဒ္ဓရုပ်ပွား​တော်မြတ်အားရွှေစင်/ရွှေပြားများကပ်လှူပူဇော်ခြင်းနှင့် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်း ရေစက်ချခြင်းအခမ်းအနားကို မတ် ၂ ရက်နေ့နံနက်ပိုင်းက ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်ကြီးမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များအား အတတ်ပညာသင်တန်းဖွင့်လှစ်သင်ကြား

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ယနေ့နံနက်ပိုင်တွင် မြို့နယ် ပညာရေးမှူးရုံး၏ စီမံညွှန်ကြားမှုဖြင့် နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များအား အတတ်ပညာသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းများကို မတ် ၂ ရက်က စတင်၍ ကျိုင်းတုံခရိုင်နှင့် မြို့မအားကစားကွင်းများတွင် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။

 ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားဗုဒ္ဓပူဇနိယတပေါင်းပွဲတော် (၁၇)နှစ်မြောက်ဓနုဆုံဆည်းရာနေ့အခမ်းအနားနှင့်  MSMEs ဒေသထွက်ကုန်ပြပွဲကျင်းပ

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် မတ် ၁ ရက် နံနက်ပိုင်းက ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် နှင့်(၁၇)နှစ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၊ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း များ MSMEs ဒေသထွက်ကုန် ပြပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ပင်လုံမြို့၌ကျင်းပသည့် ၁၃၈၇ခုနှစ် တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၁၃၈၇ခုနှစ် တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းကဝေဠုဝန် (ဝါးတောကျောင်း) ပရိယတ္တစာသင်တိုက်တွင်ကျင်းပပြုလုပ်ခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လွိုင်လင်တပ်နယ်မှူး၊ ဖြားတန်ကောင်ခယ်:ဗျူဟာ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး၊ ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။  

တမူးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြ လေ့ကျင့်ခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီခွဲက မြို့မစည်ပင်သာယာဈေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to