အိမ်မဲမြို့နယ်တွင် မိုးစပါး (RS,CS) ဆင်းသုခစပါးမျိုးစေ့ထုတ် စံပြစိုက်ခင်းစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရေသိုးညောင်ဝိုင်းကျေးရွာတွင်မိုးစပါး (RS,CS) ဆင်းသုခစပါးမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ယမန်နေ့နံနက် (၈)နာရီက စိုက်ပျိုးခဲ့ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။