ကံမမြို့နယ်၌ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် နွေစပါး (၂၀၂၀)ဧက လျာထား စိုက်ပျိုးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ​ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန်အတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး (၂၀၂၀)ဧက စိုက်ပျိုးရန်လျာထားပြီး မဒေးရေလှောင်တမံနှင့် ခြောက်ထောင့် ဆိုလာလျှပ်စစ် မြစ်ရေတင်တို့မှ စိုက်ပျိုးရေများကို ဖေဖော်ဝါရီ (၁)ရက်နေ့မှစတင်၍ ဆည်‌မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနက စနစ်တကျ ပေးဝေလျက်ရှိသည်။

ပဲခူးရိုးမတောင်ခြေနှင့် နီးစပ်သောကျေးရွာများ ငှက်ဖျားရောဂါကာကွယ်ရေး ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းကစတင်၍ ပဲခူးရိုးမတောင်ခြေနှင့် နီးစပ်သော ကျေးရွာများ၊ ရန်ကုန်-မန္တလေး အမြန်လမ်းအနောက်ဖက်ခြမ်းရှိ ကျေးရွာများအား ငှက်ဖျားရောဂါကာကွယ် နှိမ်နင်းရေးအတွက် တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် မြို့မစျေး မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဈေးသူ/ဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေးအသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းနှင့် စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့မဈေးကြီး၌ ပြုလုပ်ခဲ့ကြသည်။

"စပါးကြိတ်ခွဲသန့်စင်စက်ဖွင့်ပွဲအခမ်းအနားသို့"မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်တက်ရောက်အားပေး

မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်သည်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် အတူတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေဖြိုးသာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်း၏ "စပါးကြိတ်ခွဲသန့်စင် စက်ဖွင့်ပွဲ အခမ်းအနားသို့ ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နေ့လည် ပိုင်းကရောက်ရှိကာဒေသ ခံတောင် သူများနှင့်တွေ့ဆုံခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး၊ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ သင်ကြားပို့ချနေမှု သွားရောက် ကြည့်ရှုအားပေး

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့အတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းများ သန့်ရှင်းသပ်ရပ်စေရေးနှင့် ကန်နှင့် ကန်ပတ်ဝန်းကျင် တစ်လျှောက် ပြည်သူများ အနားယူအပန်းဖြေနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကလေးဝမြို့တွင် မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက မီးသတ်ယာဉ်များ အလွယ်တကူ ရေစုပ်ယူနိုင်မည့် နေရာများအား လက်တွေ့စမ်းသပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက မီးသတ်ယာဉ်များ အလွယ်တကူ ရေစုပ်ယူနိုင်မည့် နေရာများအား လက်တွေ့စမ်းသပ်မှုကို ယနေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့သည်။

ပင်လုံမြို့၌ ၁၃၈၇ ခုနှစ် တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့ပွဲတော် ပထမနေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၁၃၈၇ ခုနှစ် တပေါင်းလပြည့်နေ့ ပအိုဝ်းအမျိုးသားနေ့ပွဲတော် ပထမနေ့အခမ်းအနားကို ယမန်နေ့ည (၇:၀၀)နာရီအချိန်က ဝေဠုဝန်(ဝါးတောကျောင်း) ပရိယတ္တစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

လက်ပံတန်းမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဈေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မစည်ပင်သာယာဈေး၌ ဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ‌ပြည်သူ့ဆေးရုံသို့ ယမန်နေ့က ပြည်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်နှင့် တာဝန်ရှိသူများ၊ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် ဓနုဖြူမြို့နယ်၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ဓနုဖြူမြို့နယ်၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းစုကျေးရွာအုပ်စု၊ တော်ကွဲကျေးရွာ၊ တော်ကွဲကျေးရွာအုပ်စု၊ တော်ကွဲကျေးရွာနှင့် ပေါက်ကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ ယမန်နေ့နံနက် (၁၁)နာရီအချိန်က တက်ရောက်ခဲ့သည်။
Subscribe to