တပေါင်းလပြည့်နေ့အခါသယမနှင့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် မအူပင်အကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံသူ (၁၀၈)ဦးအား လွတ်ငြိမ်းခွင့်ပြု
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ တပေါင်းလပြည့်နေ့အခါသမယနှင့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်က မအူပင်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံသူ (၁၀၈)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့သည်။