ပအိုဝ်းအမျိုးသားနေ့၌ သထုံရွှေစာရံစေတီတော်မြတ်ကြီးအား ပအိုဝ်းတိုင်းရင်းသားများစုပေါင်းဆွမ်းတော်ကြီး ကပ်လှူပူဇော်

မွန်ပြည်နယ် သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးအား ယနေ့(တပေါင်းလပြည့်နေ့)၌ကျရောက်သည့် (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင် သထုံမြို့ပေါ်ရပ်ကွက်များမှ ပအိုဝ်းတိုင်းရင်းသားများစုပေါင်းကာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့အား စုပေါင်းကပ်လှူ ပူဇော်သည်။

ကျောက်မဲမြို့နယ်တွင် တပေါင်းလပြည့်နေ့အထိမ်းအမှတ် (၄၅) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် တပေါင်းလပြည့်နေ့အထိမ်းအမှတ် (၄၅) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ်လ ၂ ရက်နေ့ နေ့လယ် (၁)နာရီက စိန္တာမုနိစေတီရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ ဦးစွာ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားမုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

တာမွေမြို့နယ်တွင်  နွေရာသီ  Fitness  Dance  သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏စီစဉ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍  မတ် ၁ ရက် နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီ Fitness Dance သင်တန်းဖွင့်ပွဲကျင်းပသည်။

မြိတ်မြို့နယ်၏ ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လ/ထကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရမည့် စည်းကမ်းများဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၏ ၂ဝ၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လ/ထကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရမည့် စည်းကမ်းများဆိုင်ရာ ဆွေးနွေးပွဲကို အ.ထ.က(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ယမန်နေ့က ကျင်းပခဲ့သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း(၄၂)ဦး လွှတ်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်(၈/၂၀၂၆)ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတသည် ၁၃၈၇ ခုနှစ် တပေါင်းလပြည့်နေ့ အခါသမယနှင့် ၂၀၂၆ ခုနှစ် မတ်လ(၂)ရက်နေ့တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား/အကျဉ်းသူ(၄၂) ဦးအား ယနေ့ လွှတ်ပေးသည်။

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးတွင် တပေါင်းလပြည့်နေ့၌ ဘုရားဖူး လာပြည်သူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ တပေါင်းလပြည့်နေ့ ယနေ့နံနက်ပိုင်းတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ချောင်းဆုံမြို့နယ် အစိုးရပါဠိပထမပြန် စူဠဆုနှင်းသဘင်နှင့် အဘိဓမ္မာဝိသုဒ္ဓိမဂ်၊ ယဉ်ကျေးမှု စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပရိယတ္တိစာပေများ ထူးချွန်သူ ရဟန်းရှင်လူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်သံဃာ့နာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပသည့် အစိုးရပါဠိပထမပြန်၊ အဘိဓမ္မာဝိသုဒ္ဓိမဂ်နှင့် ယဉ်ကျေးမှုစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ချောင်းဆုံအနောက်ရပ်ကွက်ရှိ မင်းကျောင်းသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့  မြို့မစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စျေးပိုင်းရပ်ကွက်ရှိ မြို့မစျေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရောင်တော်ဖွင့်လှစ်ခြင်းနှင့် (၁၂) ကြိမ်မြောက်ကျောက်လုံးတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ရောင်တော်ဖွင့်လှစ်ခြင်းနှင့် (၁၂) ကြိမ်မြောက် ကျောက်လုံးတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တပေါင်း လပြည့်နေ့ ‌မတ်လ ၂ ရက် နံနက်(၅)နာရီခွဲက  ဆံတော်ရှင်ကျိုက်ထီးရိုး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to