ညောင်တုန်းမြို့ သမိုင်းဝင် မိုးဟုတ်စေတီတော်မြတ်ကြီး၌ (၁၆၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်း‌တော်ကြီးလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ညောင်တုန်း မတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ သမိုင်းဝင် မိုးဟုတ်စေတီတော်မြတ်ကြီး၌ နှစ်စဉ်ကျင်းပလျက်ရှိသည့် (၁၆၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်း‌တော်ကြီးလောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းက စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ဆွမ်း‌တော်ကြီးလောင်းလှူရာတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက မြို့နယ်အတွင်းရှိ ကျောင်းတိုက်(၇၈)တိုက်မှ သံဃာတော်(၁၆၈)ပါးနှင့် သီလရှင် (၂၃)ပါးတို့အား ဆွမ်းဆန်‌တော်နှင့် လှူဖွယ်ဝတ္ထုများ စုပေါင်းလောင်းလှူခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)