တပေါင်းလပြည့်နေ့တွင် မုဒုံမြို့နယ်ရှိ ဘုရားပုထိုးစေတီများတွင် ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့်စည်ကား

တပေါင်းလပြည့်နေ့ (မြတ်ဗုဒ္ဓ ပြည်တော်ဝင်အခါတော်နေ့) တွင် မွန်ပြည်နယ် မုဒုံမြို့ရှိ တန်ခိုးကြီးဘုရားစေတီများနှင့် အထင်ကရနေရများတို့၌ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

နောင်မွန်းမြို့၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် မြေဩဇာပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့သဝဏ်လွှာဖတ်ကြားခြင်းနှင့် ရွက်ဖျန်းမြေဩဇာပေးအပ်ခြင်းအခမ်းအနားကို ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး ဝဏ္ဏကျော်ထင်ဂူရှင်ဖုန်ခန်းမ၌ ကျင်းပခဲ့သည်။

တပေါင်းလပြည့်နေ့တွင် ပေါင်မြို့နယ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဘုရားဖူးလာ  ပြည်သူများဖြင့် စည်ကား

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့၌ ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။

သထုံရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် (၂၅)ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားကို ယနေ့ နံနက်က ရွှေစာရံစေတီတော် ပုရဝုဏ်ရှိ သု၀ဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒက္ခိဏသီရိမြို့နယ် မြို့မဈေးနှင့် ပျံကျဈေး၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးသတိမူရေးဆော်ဩခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မြို့မဈေးနှင့် ပျံကျဈေး၌ ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးသတိမူရေးဆော်ဩခြင်းလုပ်ငန်းများကို ယမန်‌နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ တပေါင်းလပြည့်‌နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲ‌ဖြစ်သော (တပေါင်းလပြည့်‌နေ့)မြတ်ဗုဒ္ဓပြည်‌တော်ဝင်အခါတော်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၅ နာရီခွဲ အချိန်ကစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်

(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကိုယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အောင်လံမြို့နယ်၌ (၁၈၄) နှစ်ပြည့် ဗုဒ္ဓမြတ်စွယ်တော်တိုက် ဖွင့်လှစ်ပူဇော်ပွဲနှင့် အနေကဇာတင်မင်္ဂလာအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့ရှိ သမိုင်းဝင်ကုသိန္နာရုံတောင်တော်၌ (၁၈၄) နှစ်ပြည့်မြောက်သည့် ဗုဒ္ဓမြတ်စွယ်တော်တိုက် ဖွင့်လှစ်အပူဇော်ခံပွဲနှင့် အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၌ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ သံဃာဒါန စာရေးတံမဲနှင့် ဆွမ်းလောင်းလှူပူ‌ဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၌ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ သံဃာဒါနစာရေးတံမဲနှင့် ဆွမ်းလောင်းလှူပူ‌ဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါ ဘုရားကြီးပရိဝုဏ်အတွင်း၌ ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆင်ဖြူကန်ကွင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူ ကြီးချုပ် ဒေါ်လှမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူ လယ်သမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
Subscribe to