ရေကြည်မြို့နယ်အတွင်း သီတင်သုံးတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

ရေကြည် မတ် ၂

မြန်မာသက္ကရာဇ် (၁၃၈၇) ခုနှစ် တပေါင်းလပြည့်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၏ မြို့ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီးတွင် မြို့နယ်အတွင်း သီတင်သုံးတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၇)နာရီအချိန်က စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့‌သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ရေကြည်ဒေသအတွင်းရှိ‌ ကျောင်းပေါင်း (၁၀၁)ကျောင်းမှ ရဟန်းသာမဏေ၊ သီလရှင်၊ စုစုပေါင်း အပါး (၆၀၀) ကျော်တို့က စေတီတော်မြတ်ကြီး၏ လက်ယာရစ်အတိုင်း လှည့်လည်အပူဇော်ခံကြွရောက်တော်မူကြပြီး ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဇော်လင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့သူ၊ မြို့သားစေတနာရှင် ဒါယကာ၊ ဒါယိကာမများမှ ဆွမ်းဆန်‌တော်များ၊ လှူဖွယ်ပစ္စည်းများ အစရှိသည့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)