ဆားမလောက် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း၌ ကျင့်-၄၀၁(၁)အရ လွတ်မြောက်သည့် အကျဉ်းသားများအား လွှတ်ပေးသည့် အခမ်းအနားပြုလုပ်

ညောင်တုန်း  မတ် 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အကျဉ်းဦးစီးဌာန၊ ဆားမလောက် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတွင် တပေါင်းလပြည့်နေ့ အခါသမယနှင့် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် ကျင့်-၄၀၁(၁)အရ လွတ်မြောက်သည့် အကျဉ်းသားများအား လွှတ်ပေးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက စခန်း၏ ရှင်းလင်းဆောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦ‌ရွှေစိုးဟန်၊ မြို့မစခန်းမှူး ဒုတိယရဲမှူး‌ ညီညီ၊ အကျဥ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆွေမျိုးလှိုင်နှင့် တာဝန်ရှိသူများက  အကျဉ်းသားများအား တွေ့ဆုံ၍ ဆုံးမဩဝါဒစကားများပြောကြားပြီး လွတ်ငြိမ်းခွင့် လက်မှတ်များ၊ ခရီးစရိတ်ငွေများနှင့် ထောက်ပံ့ငွေများပေးအပ်၍ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျင့်-၄၀၁(၁)အရ အကျဥ်းသား (၂၁)ဦးအား လွှတ်‌ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)