နတ်မောက်မြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မှ မိုးရာသီတွင် ရပ်ကွက်/ကျေးရွာပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကားဂိတ်၊ လူစည်ကားသည့်နေရာနှင့် ဈေးအတွင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

လဲချားမြို့နယ် သီရိမင်္ဂလာဓမ္မစကူးလ်(ပဉ္စမကြိမ်မြောက်) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် သီရိမင်္ဂလာဓမ္မစကူးလ် (ပဉ္စမကြိမ်မြောက်) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါသင်တန်းကျောင်း၌ ကျင်းပခဲ့ပါသည်။

ကြံခင်းမြို့ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ယမန်နေ့က စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကျင်းပခဲ့ရာ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာအသင်း ကျောင်းကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်စုပေါင်းရုံး အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်‌

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင် ၅ ရက်က ကျုံပျော်ခရိုင် စုပေါင်းရုံး အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးးနေမျိုးအောင်ညောင်တုန်းမြို့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအ‌ခြေအ‌နေအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အဖွဲ့သည် ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သို့ရောက်ရှိပြီး ကုက္ကိုဝကျေးရွာရှိ အမျိုးသားသဘားဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန် ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကိုလည်းကောင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ အနောက်ကျွန်းကျေးရွာနှင့်တိုးချဲ့အမှတ် (၄) ရပ်ကွက်ရှိ အရေးပေါ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကုက္ကိုဝကျေးရွာတွင် Bored Pile တူးဖော်ပြီးစီးမှုအခြေအနေနှင့် ညောင်တုန်းမြို့တွင် အရေးပေါ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုး ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးကျေးရွာအုပ်စု၊ ရေကျော် (အောက်) ခေတ်မီစံပြကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှကြီးမှူး၍ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ (World Rural Development Day) အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်စိုပြည်ရေး၊ ကျေးရွာလမ်းဘေးဝဲယာတွင် အရိပ်ရစေရေး၊ ပန်းအလှပင်များပိုမိုစိုက်ပျိုးနိုင်ရေး အတွက်ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အ.လ.က ရေကျော် အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူများ အလေးထားသိရှိနိုင်စေရန်ရည်ရွယ်၍ ဇူလိုင်လ (၆) ရက်နေ့ နံနက် (၇) နာရီအချိန်က ဖျာပုံမြို့နယ် ကျုံတာကျေးရွာအုပ်စု၊ ရှမ်းကွင်းခေတ်မီစံပြကျေးရွာတွင် ကျင်းပပြုလုပ်သည်။

ရပ်စောက်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့အင်္ဂါရပ်နှင်အညီ သန့်ရှင်းသပ်ရပ်သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်ရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက တောင်ကွက်သစ်ရပ်ကွက်ရှိ အင်းခေါင်းကန် ကန်ပတ်လမ်းတစ်လျှောက်၌ ဆောင်ရွက်ခဲ့ကြသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသ

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပသည်။
Subscribe to