တွံတေးမြို့နယ်ရှိ တွံတေးအကျဥ်းစခန်းနှစ်ခုမှ အကျဥ်းသား(၅၂)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့နယ် ၁၃၈၇ ခုနှစ်တပေါင်းလပြည့်နေ့ အခါသမယနှင့် ၂၀၂၆ ခုနှစ် မတ်လ၂ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့် ရွှေသူဋ္ဌေးစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းနှင့် တောကြီးတန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတို့မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အကျဥ်းသား(၅၂)ဦးကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစခန်းများတွင် လွတ်ငြိမ်းသက်သာခွင့်ပြုသည်။

ငါးသိုင်းချောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲအောင် သံဃာတော်များနှင့်သီလရှင်များအား အောင်လက်မှတ်နှင့်ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ဆင်ယင်ကျင်းပသော(၇၃)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကို အောင်မြင်တော်မူသောသာသနာ့အာဇာနည် ရှင်သူမြတ်များနှင့်သီလရှင်ဆရာလေးများကို အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ် လှူဒါန်းသောအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရွှေတောင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။    

မိုးညှင်းမြို့၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ထူးချွန်ဆုရတောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ရွက်ဖျန်းမြေဩဇာများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ခြင်းအခမ်းအနား၊ ထူးချွန်ဆုရတောင်သူများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းနှင့် ရွက်ဖျန်းမြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၇)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဓနုဖြူမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံဓမ္မဝိနယစာမေးပွဲကြီး (၅၂)ကြိမ်မြောက် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံဓမ္မဝိနယစာမေးပွဲကြီး (၅၂)ကြိမ်မြောက်စာအောင်သံဃာတော်များအားဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို မတ် ၂ရက် နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၊ ခင်မကန်ကျောင်းတိုက်၌ ကျင်းပသည်။

ဘီးလင်းမြို့နယ်၊ တောင်စွန်းကုန်ထုတ်စခန်းမှအကျဉ်းသား (၁၈)ဦး လွတ်ငြိမ်းသက်သာ ခွင့်ပေး

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီ သမ္မတသည် ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ အခါသမယနှင့် တောင်သူလယ်သမားနေ့ အထိမ်း အမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထား သောအားဖြင့် ထုတ်ပြန်သည့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အရ ဘီးလင်းမြို့နယ်၊ တောင်စွန်းကုန်ထုတ်စခန်းမှ အကျဉ်းသား (၁၈)ဦး လွတ်ပေးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်စွန်းကုန်ထုတ်စခန်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် သထုံအကျဉ်းထောင်မှ အကျဥ်းသား(၉၈)ဦးလွတ်ငြိမ်းသက်သာခွင့်ရရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ အခါသမယ နှင့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူ လူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ မွန်ပြည်နယ် သထုံအကျဉ်းထောင်မှ အကျဥ်းသား(၉၈)ဦးတို့အား မတ်လ ၂ ရက် နံနက်က ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းခွင့် ပြုပေးခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့ သမိုင်းဝင်မွေတော်ဖီပြဘုရား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်သစ် တင်လှူပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ရှေးဟောင်းသမိုင်းဝင် မွေတော်ဖီပြဘုရား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်သစ် စေတီတော်အထွဋ်သို့ တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်၌ ကျင်းပရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇေယျကျော်ထင် စိုးမြတ်ထွဋ်တက်ရောက်၍ ရတနာစိန်ဖူးတော်အား တင်လှူပူဇော်ပါသည်။

ပေါင်မြို့နယ်အကျဉ်းဦးစီးဌာနမှ တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသည့် အခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် အကျဉ်းဦးစီးဌာနမှ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသည့် အခမ်းအနားကို ဇင်းကျိုက်၊ရင်းငြိမ်၊ အင်ပြောင် ကုန်ထုတ်စခန်းတို့၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ကသာမြို့ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသူ(၂၇)ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကသာမြို့အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူများအနက် အကျဉ်းသား/အကျဉ်းသူ(၂၇)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ရရှိသည်။
Subscribe to