တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက်၌ ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက်နေ မိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဓမ္မမိတ်ဆွေသူတော်စင်များ၏ ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက် ရာဇသင်္ကြန်လမ်းရှိ (၁၁)ရပ်ကွက်လုံးဆိုင်ရာ သာသနာ့ဟိတ ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။