ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်ကြီး၌ မတ်(၂) ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနား ကျင်းပသည်။

အိမ်မဲမြို့တည်သမိုင်းဝင်ရှင်ပင်ချမ်းသာကြီးဘုရား၌ တပေါင်းလပြည့်နေ့ တွင်ဘုရားဖူးများဖြင့်စည်ကားလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝရပ်ကွက်တွင် တည်ထား ကိုးကွယ်သော အိမ်မဲမြို့တည် သမိုင်းဝင်ရှင်ပင်ချမ်းသာကြီးဘုရား၌ တပေါင်းလပြည့်နေ့ ညနေပိုင်းမှ စတင်ကာ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားနေကြောင်း သိရသည်။

ကြံခင်းမြို့နယ်ရှိ ဗုဒ္ဓတစ်ထောင်အကောက်တောင် (ရွှေမြင်းတင်ဘုရား)သို့ တပေါင်းလပြည့်နေ့တွင် ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စုတွင် တည်ထား ကွယ်လျက်ရှိသော ဗုဒ္ဓတစ်ထောင်အကောက်တောင် (ရွှေမြင်းတင်ဘုရား)သို့ အနယ်နယ်အရပ်မှ ဘုရားဖူးများဖြင့် တပေါင်းလပြည့်နေ့ ယနေ့နံနက်ပိုင်းမှစ၍ စည်းကားလျက်ရှိသည်။

ပဲခူးမြို့၌  ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ မတ်(၁) ရက် ညနေပိုင်းက ၂၀၂၆ ခုနှစ်၊ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်သည်။

တောင်ကြီးမြို့၌ မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၁၃၈၇ ခုနှစ်တပေါင်းလပြည့်နေ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ် ၂ ရက် နံနက် ၈ နာရီ က လူထုအခြပြု ဗဟိုဌာန၊ဘက်စုံသုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ကလောမြို့နယ်၌ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ က‌လောခရိုင်၊ က‌လောမြို့၊ အမှတ်(၇)ရပ်ကွက် ဗောဓိကုန်းပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲကျင်းပခဲ့ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအဖွဲ့ (၄၅)ဖွဲ့မှ အဖွဲ့ဝင် (၁၄၅)ဦး တက်ရောက်ခဲ့သည်။

မိုးညှင်းဗဟိုအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူ (၂၀) ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိ

၂၀၂၆ ခုနှစ် မတ်လ (၂)ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား၊ အကျဉ်းသူ (၂၀)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီခွဲက အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၊ ရမည်းသင်းအကျဥ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၁၄၂)ဦး လွတ်ငြိမ်းခွင့်ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတသည် ၁၃၈၇ ခုနှစ် တပေါင်းလပြည့်နေ့အခါသမယနှင့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ထုတ်ပြန်သည့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အရ ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၁၄၂)ဦး လွှတ်ပေးသည့် အခမ်းအနားကို အကျဉ်းထောင် ရိပ်သာ၌ ယနေ့ နံနက် ၁၀ နာရီက  ကျင်းပခဲ့သည်။

ထားဝယ်မြို့၌ တပေါင်းလပြည့်နေ့ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၁၃၈၇ခုနှစ်၊ တပေါင်းလပြည့်နေ့၊  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၇၄)ရပ်ကွက်၊ ပုဏ္ဏမီလမ်းရှိ (230)KV ဧရာဝဏ်ပင်မဓာတ်အားခွဲရုံအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to