ဇလွန် မတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ တပေါင်းလပြည့်နေ့ ယနေ့နံနက်ပိုင်းတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ဇလွန်မြို့တွင် ကိန်းဝပ်စံပယ်တော်မူသော မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးသည် သက်တော်ထင်ရှား မြတ်စွာဘုရားကိုယ်တိုင် ရင်ငွေ့တော်ပေးအပ်ခဲ့သည့် သမိုင်းဝင်တန်ခိုးကြီးဘုရားကြီးတစ်ဆူဖြစ်သည်နှင့်အညီ ဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်ကို ( ၂၄ - ၂ - ၂၀၂၆) မှ (၃ - ၃ -၂၀၂၆ )ရက်နေ့အထိ (၈)ရက် တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ တပေါင်းလပြည့်နေ့တွင် ဒေသခံပြည်သူများနှင့် ဘုရားဖူးလာရောက်ကြသူများ၊ ဥပုသ်သတင်းသီလဆောက်တည်သူများ၊ ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော်သူများ၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးနှင့် မြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်ကြီးကျောင်းများတွင်လည်း ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြ သူများနှင့် အထူးစည်းကားလျက်ရှိကြောင်း သိရသည်။
ဝေယံ - ဇလွန်( ပြန်/ဆက်)